Tuesday, December 23, 2008

၉ နှစ် ၉ မိုးတိုင်ခဲ့ပြီ



၉ -- နဲ့ စတဲ့ န၀မတန်းမှာပေါ့

မင်းကြောင့် ဖူးမယ်ကြံခဲ့တဲ့ငါ့အချစ်ပန်း

မင်းကြောင့်ပဲ ကြွေနွမ်းခဲ့ရတယ်

ဒါဟာ ငါ့အတွက် မင်းဖော်ကျူးပေးခဲ့တဲ့

အချစ်ရဲ့ နိယာမ တစ်ခုတဲ့လား -------- ချစ်သူ ။



နှစ် -- တွေဟောင်းပြီး ရာသီတွေပြောင်းခဲ့ပေါ့

အချစ်အကြောင်းတွေးမိတိုင်းမှာ

မင်းကြောင့် ငါမရယ်မောနိုင်ခဲ့ဘူး

ဒါဟာ ငါ့အတွက် မင်းခင်းပေးခဲ့တဲ့

အချစ်ဇာတ်ပျက်တစ်ပုဒ်တဲ့လား --------- ချစ်သူ ။


၉ -- နှစ်တိုင်အောင် ပြည့်ခဲ့ပေမဲ့

ငါမင်းကို လွမ်းတဲ့အလွမ်းတွေ မကုန်နိုင်သေးတော့

မရိုးနိုင်အောင် ဆက်ပြီးလွမ်းနေရုံပဲပေါ့

ဒါဟာ ငါ့အတွက် မင်းဖန်တီးပေးခဲ့တဲ့

ချစ်ခြင်းရဲ့ ရသတစ်ခုတဲ့လား --------- ချစ်သူ ။


မိုး -- တွေရွာတဲ့ ဇူလိုင်တိုင်းမှာ

ငါငိုခဲ့ရတဲ့ မျက်ရည်မိုးတွေက

ငါ့နှလုံးသားတစ်ခုလုံး နစ်မွန်းနေခဲ့ပြီ

ဒါဟာ ငါ့အတွက် မင်းပေးခဲ့တဲ့

ချစ်ခြင်းလက်ဆောင်တစ်ခုတဲ့လား ------- ချစ်သူ ။


ဘယ်အရာတွေ ဘယ်လိုပဲပြောင်းပြောင်း

မပြောင်းလဲနိုင်တဲ့ ငါနှလုံးသားအဟောင်းလေးနဲ့

မင်းကိုချစ်နေ၊ လွမ်းနေခဲ့တာ

ကိုးနှစ် ကိုးမိုးတိုင်ခဲ့ပြီ --------- ချစ်သူ ။


Poet - ယဉ်မွန်လှိုင်း