












Forwarded message from RC.
၉ -- နဲ့ စတဲ့ န၀မတန်းမှာပေါ့
မင်းကြောင့် ဖူးမယ်ကြံခဲ့တဲ့ငါ့အချစ်ပန်း
မင်းကြောင့်ပဲ ကြွေနွမ်းခဲ့ရတယ်
ဒါဟာ ငါ့အတွက် မင်းဖော်ကျူးပေးခဲ့တဲ့
အချစ်ရဲ့ နိယာမ တစ်ခုတဲ့လား -------- ချစ်သူ ။ ။
နှစ် -- တွေဟောင်းပြီး ရာသီတွေပြောင်းခဲ့ပေါ့
အချစ်အကြောင်းတွေးမိတိုင်းမှာ
မင်းကြောင့် ငါမရယ်မောနိုင်ခဲ့ဘူး
ဒါဟာ ငါ့အတွက် မင်းခင်းပေးခဲ့တဲ့
အချစ်ဇာတ်ပျက်တစ်ပုဒ်တဲ့လား --------- ချစ်သူ ။ ။
၉ -- နှစ်တိုင်အောင် ပြည့်ခဲ့ပေမဲ့
ငါမင်းကို လွမ်းတဲ့အလွမ်းတွေ မကုန်နိုင်သေးတော့
မရိုးနိုင်အောင် ဆက်ပြီးလွမ်းနေရုံပဲပေါ့
ဒါဟာ ငါ့အတွက် မင်းဖန်တီးပေးခဲ့တဲ့
ချစ်ခြင်းရဲ့ ရသတစ်ခုတဲ့လား --------- ချစ်သူ ။ ။
မိုး -- တွေရွာတဲ့ ဇူလိုင်တိုင်းမှာ
ငါငိုခဲ့ရတဲ့ မျက်ရည်မိုးတွေက
ငါ့နှလုံးသားတစ်ခုလုံး နစ်မွန်းနေခဲ့ပြီ
ဒါဟာ ငါ့အတွက် မင်းပေးခဲ့တဲ့
ချစ်ခြင်းလက်ဆောင်တစ်ခုတဲ့လား ------- ချစ်သူ ။ ။
ဘယ်အရာတွေ ဘယ်လိုပဲပြောင်းပြောင်း
မပြောင်းလဲနိုင်တဲ့ ငါနှလုံးသားအဟောင်းလေးနဲ့
မင်းကိုချစ်နေ၊ လွမ်းနေခဲ့တာ
ကိုးနှစ် ကိုးမိုးတိုင်ခဲ့ပြီ --------- ချစ်သူ ။ ။
ငါ့နှလုံးသားရဲ့ တောင်းဆိုချက်ကိုပဲ မလွန်ဆန်နိုင်လို့လား ?
ဦးနှောက်ရဲ့စီမံရာကို ငါမလိုက်နာနိုင်တာလား ?
အခုထိ မင်းကိုလွမ်းနေရတာ
ဝဋ်ကြွေးတစ်ခုလို့ ပညတ်ပါရစေတော့ ။ ။
အချိန်ပြည့် လွမ်းမနေခဲ့ပေမဲ့
တခါတရံ လွမ်းရမှာတောင်
ငါ့မှာ အင်အားတွေ မရှိဘူးဆိုတာ
မင်းသိမှာပါ ။ ။
တခါတရံလေး လွမ်းဖို့တောင်
ငါ့ကို အင်အားတွေ မပေးခဲ့တဲ့မင်းကို
ငါ အပြစ်တင်နေရင်လဲ
ဒါတွေဟာ အပိုပဲဆိုတာကို သိလျက်နဲ့
အသိမဲ့စွာနဲ့ လွမ်းနေရတာတွေဟာ
မင်းပေးခဲ့တဲ့ ဝေဒနာတွေပဲဆိုတာ
ငါ့မှာ ငြင်းခွင့်မရှိပါဘူး ။ ။
မလွမ်းသင့်ဘူးဆိုတာ
ငါသိနေပါတယ်
ဒါပေမဲ့လည်း
ငါလဲ ခံစားချက်နဲ့လူပဲလေ
တခါတရံမှာတော့
ငါလည်း မလွန်ဆန်နိုင်သေးဘူး ။ ။
ဒါပေမဲ့လည်းလေ
ပျောက်ဆုံးသင့်တဲ့
ခံစားချက်တစ်ခုအဖြစ်
သတ်မှတ်ခဲ့လို့
ငါတောင်းဆိုပါရစေ
အသိတရားတွေနဲ့ ငါ့ကို
မလွမ်းတတ်တော့အောင်
တားလှည့်ပါ ။ ။
တကယ်ပါပဲ ----
ငါ မလွမ်းချင်တော့ဘူး မင်းကို ။ ။
ယဉ်မွန်လှိုင်း (၂၆/၇/၀၈)